ရှမ်းပြည်နယ်(အရှေ့ပိုင်း) အကျဉ်းဦးစီးဌာန၊ မိုင်းဆတ်အကျဉ်းထောင်မှ ဧပြီ ၁၇ ရက် (၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်)က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၁၃/၂၀၁၉ အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၄၆)ဦး၊ အကျဉ်းသူ (၃)ဦး စုစုပေါင်း (၄၉)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။