သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦး လွတ်မြောက်
မွန်ပြည်နယ် သထုံမြို့ အကျဉ်းထောင်မှ ဧပြီ ၁၇ ရက် နေ့လယ်ပိုင်းက နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်အမှတ် ၁၃/၂၀၁၉ အရ သက်ကြီးအကျဉ်းသားတစ်ဦးအပါအဝင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၄၃ ဦးအား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။





