မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်း အနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေနံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။      
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့၊ ဗဟိုရေသဘင် မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ ဗဟိုရေသဘင်မဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
ရန်ကုန်မြို့ အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက် အတာသင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့၌ ရန်ကုန်မြို့ အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက်အတာ သင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက် ဆရာတော် အမှူးရှိသော ရဟန်းများ၊သီလရှင်များနှင့် ယောဂီများအား အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
ဟားခါးမြို့ အိမ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရစာသင်တိုက်၏ ဦးစီးပဓာန နာယက၊ ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အမှူးရှိသော ဒုလ္လဘရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား  ပြည်နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်္ကြန်အတက်နေ့ နံနက်အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။  
ပုသိမ်မြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧပြီ ၁၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သော မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်သိမ်းပွဲ ကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဗဟိုမဏ္ဍပ်၌ ကျင်းပရာ
တောင်ကြီးမြို့၌ သင်္ကြန်အတက်နေ့တွင် ရေကစားသူများနှင့် စည်ကားလျက်ရှိ
မြန်မာသက္ကရာဇာ ၁၃၈၀ ပြည့်နှစ် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တောင်ကြီးမြို့၌ ရေကစားသူများဖြင့် စည်ကား ခဲ့ကြောင်း  သိရသည်။ အတက်နေ့ နံနက်ပိုင်းမှစ၍ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်များ၊ စေတီ ပုထိုးများတွင် ဆွမ်း၊ ရေချမ်း၊ ဆီးမီးများ၊ လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
မန္တလေးသင်္ကြန်ပွဲတော် အတက်နေ့တွင် ပါဝင်ဆင်နွှဲသူ များပြား၍ အထူးစည်ကား
၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ ရေသဘင်ပွဲတော်ကို ယနေ့ဆက်လက်ကျင်းပရာ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ ရေကစားသူများ ပိုမိုပါဝင်ဆင်နွှဲခဲ့ကြောင်း တွေ့ရသည်။