လေးမျက်နှာမြို့နယ် (ကမ်းသာယာ) အပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ဘက်ခြမ်း ခတ္တူကျေးရွာ တစ်ဖက်ကမ်းနှင့် ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) အနီးတွင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကမ်းသာယာအပန်းဖြေစခန်သို့ သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မကွေးမြို့၌ အတာသင်္ကြန်ချစ်သူပြည်သူများ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အတာသင်္ကြန်ချစ်သူပြည်သူများ ယနေ့ သင်္ကြန်အကျနေ့  ဧပြီ ၁၄ ရက်၊ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်မဏ္ဍပ်များနှင့်  လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကျနေ့ ကန်ကြီးထောင့်မြို့၌ ရေကစားသူများဖြင့် စည်ကား
၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာအတာသင်္ကြန် (သင်္ကြန်အကျနေ့) ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြို့အဝင်ရှိ ဗဟိုမဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်များ၊ လမ်းများရှိမဏ္ဍပ်များတွင် ပျှော်ရွှင်စွာ ရေကစားနေသူများ
ပြည်မြို့လုံးဆိုင်ရာ စုပေါင်းရှင်ပြုပွဲကျင်းပ
ပြည်မြို့ ဆေးရေးရပ်ရှိ  ပြည်မြို့လုံးဆိုင်ရာ စုပေါင်းရှင်ပြုအသင်းကြီး၏ (၄၈)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲ ဒုတိယနေ့ကို ဧပြီ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပုသိမ်မြို့ ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်ကို ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
1
လာမည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ --------
အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များစုပေါင်းလှူဒါန်းသည့် ဖန်စေတီတော်တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး၌ ကျင်းပသည်။