သူလည်းပိတောက်
ကိုယ်လည်းပိတောက်နှင့်
ပိတောက်ဝါ ဝေသီဖူး
ရွှေရည်လူး ရင်ခုန်သံ။
ဝင်းဖန့်ဖန့် အခိုင်ခိုင်
သင်းရနံ့ တလှိုင်လှိုင်နဲ့
မြိုင်ဂိမှာန် သူလှုပ်နှိုး
မိုးသင်းနံ့ပန်။
နွေအဦး
လေရူးရယ် ဟိုဒီမွှေလို့
ရွှေရွက်တို့ ြွေကသက်ပျံ
မြေထက်ယံ ရော်ရည်မြန်း။
မြန်မာ့မြေ ပြည်တစ်ခွင်မှာလ
အလှနွေ ရေသဘင်ပေါ့
မင်္ဂလာပိတောက်ဖူးတွေလည်း
အစဉ်သာ အရောက်ထူးပါခဲ့
လတန်ခူးရယ် ခါတော်ကြိုလို့
ပျော်ရွှင်ချို ဆိုအကတွေနဲ့
ပိတောက်ဝါ နံ့သာသီလို့ရယ်
မြန်မာ့နှစ်ဆန်း။ ။
အောင်လံမြေ - နေညိုညို