Myanmar Robo League ပြိုင်ပွဲ(၂၀၁၉ ) အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီ၊ USAID နှင့် ဖန်တီးရာ Makerspace တို့ပူးပေါင်းကျင်းပသည့် Myanmar Robo League ပြိုင်ပွဲ (၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံ(လက်ဝှေ့) အားကစားရုံ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

နေပြည်တော် ၁ ဇွန်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက် ပဏာမစစ်ဆေးခြင်း ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှု အားပေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အ.ထ.က(၄)အလုံ၊ အ.ထ.က(၁)လသာ၊ အ.ထ.က(၂) လသာစာဖြေဌာနများသို့ သွားရောက်၍ ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာရပ်နှင့် သုတရေးရာဘာသာရပ်ဖြေဆိုမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁ ဇွန်

Skynet Cinema (Pay Per View -PPV) Channel အသစ်ထုတ်လွှင့်ခြင်း အခမ်းအနားကျင်းပ
Skynet Cinema (Pay Per View - PPV) Channel အသစ်ထုတ်လွှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသအတွင်းရှိ လူငယ်များ၊ လူငယ့်ရေးရာကော်မတီဝင်များ၊ ကလေးပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမတွင် လူငယ်များနှင့်တွေ့ဆုံပြီး လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူညီပေးခြင်းမရှိ၊ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံအစိုးရက ပြန်လည်လက်ခံပြီး နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား

တိုကျို ၁ ဇွန်