ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ဧပြီလနောက်ပိုင်းမှာ အများဆုံး ဖြစ်လာ
ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁,၇၀၇ ဦး ရှိရာ ဧပြီလနောက်ပိုင်း မှာ အများဆုံး အရေအတွက် ဖြစ်ကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။






