စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတဲ့အတွက် ဘောလုံးသမား တိုနီဒိုဗယ်က ဘောလုံးကို ဘေးချပြီး သူလေ့လာဖူးတဲ့ ဆေးဝါးကျွမ်းကျင်ပညာကို အသုံးပြုပြီး ရောဂါပိုး နှိမ်နင်းရေးမှာ ပါဝင်နေ
စပိန်ဘောလုံးသမား တိုနီဒိုဗယ် ဟာ သူ့ရဲ့ ဘောလုံးကန်ဖိနပ်နဲ့ ဘောလုံးကို ဘေးချပြီး ဆေးဝါးကျွမ်းကျင်သူတွေ ဝတ်ဆင်တဲ့ ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ပြီး ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ရင်ဆိုင်နေတဲ့ စပိန်နိုင်ငံကို ကူညီရန် ရှေ့တန်းကနေ ပါဝင်နေတာကို တွေ့ရပါတယ်။ အသက် (၂၉) နှစ် ဆေးဝါးကျွမ်းကျင်ဘာသာရပ်ကို သင်ကြားဖူးတဲ့ စပိန်ဘောလုံးသမားဟာ လက်ရှိမှာ ထိုင်းနိုင်ငံက ကလပ်အသင်းတစ်ခုတွင် ကစားနေကြောင်း








