ကာဇက်စတန်နိုင်ငံအရှေ့ပိုင်း၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်းသေဆုံး

ကာဇက်စတန်နိုင်ငံအရှေ့ပိုင်း အာဘီဒေသတွင် ဇွန်လ ၉ ရက်နေ့က တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ၌ ခရီးသည်တင်ယာဉ်တစ်စီး ချောက်နက်ထဲသို့ ထိုးကျမှုကြောင့် ရှစ်ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်ဘက် ခီဘာပါ့ထန်ဟွာပြည်နယ်တွင် ယမန်နေ့က ခရီးသည်တင်ယာဉ်တစ်စီး ချောက်နက်ထဲသို့ထိုးကျခဲ့သဖြင့် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။
တူနီးရှားနိုင်ငံ၌ စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စစ်သားလေးဦးသေဆုံး
တူနီးရှားနိုင်ငံ ဘီဇာတီပြည်နယ်တွင် စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့်သေဆုံးခဲ့သော စစ်သားလေးဦးအနက် နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု တူနီးရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံ၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ကလေးလေးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရ
ပြင်သစ်နိုင်ငံတွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ကလေးလေးဦးနှင့်အရွယ်ရောက်သူနှစ်ဦးတို့ဒဏ်ရာရရှိခဲ့ရာ ဓားထိုးမှုနှင့် ဆက်စပ်သည့် ဆီးရီးယားအမျိုးသားတစ်ဦးကို ထိန်းသိမ်းထားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
သီရိလင်္ကာနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ခရီးသည် ၂၀ ထက်မနည်းဒဏ်ရာရ
သီရိလင်္ကာနိုင်ငံတောင်ပိုင်း ကိုလံဘိုဆင်ခြေဖုံးတွင် ဇွန်လ ၉ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးက လော်ရီကားတစ်စီးဖြင့်တိုက်မိရာ ခရီးသည် ၂၀ ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ သေနတ်ပစ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊ အခြားတစ်ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ဆွာတ်ခရိုင်တွင် ဇွန်လ ၈ ရက်နေ့က အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး လမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ ကားတစ်စီးမီးလောင်ကျွမ်းမှုကြောင့် ငါးဦးသေဆုံး
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က ကားတစ်စီးမီးလောင်ကျွမ်းမှုကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။