အီဂျစ်နိုင်ငံ၌ သဲမုန်တိုင်းတိုက်သဖြင့် ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

အီဂျစ်နိုင်ငံ နေရာအနှံ့အပြားတွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့တော်ကိုင်ရိုတွင် ယမန်နေ့က တစ်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ခြောက်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ကာပစ်ဆာပြည်နယ်တွင် ယမန်နေ့က ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီမှမေလအတွင်း နိုင်ငံခြားခရီးသွား ၄ ဒသမ ၆ သန်းဝင်ရောက်
ဇန်နဝါရီလမှ မေလအတွင်းခရီးသွားဝင်ရောက်မှုသည် ကပ်ရောဂါအကြိုကာလ ခရီးသွားဝင်ရောက်မှု ၆၃ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ မီးရှူးမီးပန်းဂိုဒေါင်တစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က သုံးဦးထက်မနည်းသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားတစ်သန်း ဝင်ရောက်
ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံးအတွက် တရုတ်ခရီးသွားငါးသန်းဝင်ရောက်မည်ဟု ရည်မှန်းထားရာ မေလလယ်ပိုင်းအထိ တရုတ်ခရီးသွားတစ်သန်းဝင်ရောက်မှုရှိခဲ့သည်ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
အမေရိကန်နိုင်ငံ၌ အဆောက်အအုံပြိုကျမှုဖြစ်ပွား၊ လူငါးဦးပျောက်ဆုံးနေ
အမေရိကန်နိုင်ငံ လိုဝါပြည်နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ခြောက်ထပ်အဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုကြောင့် ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
ပါကစ္စတန်နိုင်ငံတောင်ပိုင်း၌ မိုးကြိုးပစ်ခံရမှုကြောင့် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် တာပါကာခရိုင်တွင် ယမန်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။