မြောက်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း အဖျားရောဂါဖြစ်ပွားသူ နှစ်သိန်းခုနစ်သောင်းနီးပါးထပ်မံတွေ့ရှိ
မြောက်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အဖျားရောဂါဖြစ်ပွားသူဦးရေ ၂၆၉၅၀၀ ခန့်ထပ်မံတွေ့ရှိပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း အာဏာရအလုပ်သမားပါတီသတင်းစာ ရိုဒေါင်ဆင်မန်က သတင်းဖော်ပြသည်။







