ပျက်ကျသွားသည့် တရုတ်ခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ် တွေ့ရှိ
ပျက်ကျသွားခဲ့သည့် တရုတ်အရှေ့ ပိုင်းလေကြောင်းလိုင်းမှ ဘိုးရင်းအမျိုးအစား ခရီးသည်တင် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ အချက်အလက်မှတ်တမ်းတင် ကိရိယာနှစ်ခုအနက် တစ်ခုကို မတ် ၂၃ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။


