ယနေ့ညနေအထိခန့်မှန်းချက်မှာ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

ယနေ့ညနေအထိခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
မြစ်ရေခန့်မှန်းချက်

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၁/၂၀၂၂)
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ (Asani)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊  ကာကီနာဒါမြို့(Kakinada)၏ အနောက်တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အနောက် တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အနောက်တောင် ဘက် ရေမိုင်(၂၇၅) မိုင်ခန့်၊ ပူရီမြို့(Puri)၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်ဘက် ရေမိုင်(၇၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန်တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ(Asani)” အဖြစ်သို့ အားလျော့သွားခဲ့ကာ အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၀)မိုင်ခန့်၊  ကာကီနာဒါ မြို့(Kakinada)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၉၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၉၅) မိုင်ခန့်၊ ပူရီမြို့(Puri)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင်(၇၅၀) မိုင် ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်ဘက် ရေမိုင်(၇၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၀/၂၀၂၂)
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ (Asani)”၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မေလ ဒုတိယ (၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၄)ပေမှ (၆)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။