ပုသိမ်မြို့၌ အရက်ကြောင် ကြောင်ပြီး ဓမ္မာရုံကို မီးရှို့သူအား အရေးယူထား
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ မတ် ၁၇ ရက် ည ၁၀ နာရီ ၅၅ မိနစ်က အဆိုပါရပ်ကွက်နေ ကျော်ဝင်းဘို (၂၁)နှစ်သည် အရက်ကြောင်ပြီး ဓမ္မာရုံအား မီးရှို့ခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။







