သင်္ဘောပေါ် ခြင်းခတ်ကစားရာမှ လူတစ်ဦး ပြုတ်ကျသေဆုံး
ကျိုက်မရောမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီက အတ္တရံမြစ်ကမ်းနဘေး ဆိုက်ကပ်ထားသော မိုးဟိန်းအမည်ရှိ သဘော်ပေါ်၌ အလုပ်သမားများ ခြင်းလုံးခတ်ကစားကြရာမှ ခြင်းလုံးရေထဲပြုတ်ကျသဖြင့် လူတစ်ဦးက ဆင်းဆယ်ရာ ပြန်မပေါ်လာတော့ဘဲ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။







