တောင်ငူနှင့် မိုင်းခုတ် မြို့နယ်နှစ်ခုပေါင်း ငွေကျပ်သိန်း ၁၃၁၆၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ပေါက်လှကြီးလမ်းပေါ်တွင်တွေ့ရှိသူ မခင်လပြည့်ဝင်း (ခ)အိအိခိုင် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၃၅၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ၎င်း၏ နေအိမ်အားရှာဖွေရာ နေအိမ်တွင် ရှင်းခန့်ကို နှင့် စိုင်းကွန်ခမ်း တို့အားတွေ့ရှိပြီး ၎င်းတို့၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၇၂၀ ၊ MICRO BUS အမျိုးအစားမော်တော် ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံး၊ စုစုပေါင်း ငွေကျပ်သိန်း ၁၁၇၂ ဒသမ ၁ တန်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။







