မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၅၅/၃)အနီး Famous စက်သုံးဆီအရောင်းဆိုင်ရှေ့တွင်၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရာ၊ မော်တော်ဆိုင်ကယ် စီးနင်းလာသူမှာနေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ယာဉ်မောင်းမှာထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။