ကျောက်မဲမြို့တွင် ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၁၁)၊ ရွှေညောင်ပင် လမ်းကြားရှိ ဦးလင်းနောင်နေအိမ်သည် ယနေ့ နံနက် ၁၁ နာရီ ၄၀  မိနစ်က  ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူလူထုနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ခြင်းကြောင့်  နံနက် ၁၁ နာရီ  မိနစ် ၅၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့
အိမ်မဲမြို့နယ်တွင် ဟိုက်ဂျက်မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၄နာရီ မိနစ် ၅၀ က ဟိုက်ဂျက် မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ
ဟင်္သာတမြို့ ၌ ည(၈)နာရီကျော် အချိန်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သီပေါ နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ..............
မြို့နယ်အချို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ 
ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည်  တမူးမြို့နယ်၊ မြို့သစ်မြို့၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာမှ တရားမဝင်ကျွန်းသစ် (၉ ဒသမ ၅၉၇၀)တန် ၊ ကသာမြို့နယ်၊ ဆင်စင်းရွာ၏ အောက်ဘက်ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်းသစ်/ ကျွန်းခွဲသား(၃ပေတို)/လုံးပတ်၃ပေအောက် ကျွန်းသစ် (၂၆ ဒသမ ၄၁၀၄) တန်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင် ပိတောက်ခွဲသား (၅ ဒသမ ၉၈၈၂) တန်၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းရွာတောင်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှ တရားမဝင် အင်ခွဲသား (၁၂ ဒသမ ၆၉၇၆)တန် သိမ်းဆည်းရမိခဲ့သည်။
တောင်ကုတ်ရန်ခိုအုပ်စု တပ်ရှောင်လမ်း၌ ဟိုင်းလတ်ယာဉ်တစ်စီး မီးလောင်
တောင်ကုတ်မြို့ ရန်ခိုကျေးရွာအုပ်စု တပ်ရှောင်လမ်း၌ ယနေ့ညနေ ၃ နာရီ ၄၅ အချိန်ခန့်တွင် အိမ်စီး ဟိုင်းလတ်ယာဉ်တစ်စီး ဆီပိုက်ပြုတ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။