တိုင်းဒေသကြီးပြည်နယ် (၃)ခုအတွင်း တရားမဝင်သစ် ၈၇ တန်ကျော် ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များ ဖမ်းဆီးလျက်ရှိသည်။






