စပိန်စူပါဖလားဗိုလ်လုပွဲတွင် ဘီလ်ဘာအိုကို အနိုင်ယူပြီး (၁၂) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည့် ရီးရဲမက်ဒရစ်
စပိန်စူပါဖလားဗိုလ်လုပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနှင့် ရီးရဲမက်ဒရစ်အသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်ရှိ King Fahd International အားကစားကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး စပိန်စူပါ ဖလားကို အသင်းသမိုင်းတစ်လျှောက် (၁၂) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။







