ကသာ ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊အမှတ်(၃)ရပ်ကွက်အတွင်းမှ တရားမဝင် ဖဲလောင်းကစားပြုလုပ်သူများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ထီးချိုင့်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ် အေးမင်းထွန်း ဦးစီးသောအဖွဲ့သည် တရားမဝင်ဖဲလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အခင်းဖြစ်နေရာဖြစ်သော ထီးချိုင့်မြို့၊အမှတ် ၃ ရပ်နေ ဒေါ်ဝင်းခိုင်နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်တွင် ဒေါ်ဝင်းခိုင်နှင့်အတူ ထီးချိုင့်မြို့၊အမှတ် ၃ ရပ်နေ အောင်ကျော်မြင့်၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာနေသိန်းသန်းဝင်းနှင့် ထီးချိုင့်မြို့နယ်၊ သခွပ်ချောင်ကျေးရွာနေ ကျော်စွာဝင်း(ခ)ဖိုးဇာတို့(၄)ဦးသည် ဖဲချပ် ၅၂ ချပ်ပါဖဲထုပ် ၁ ထုပ်၊ လောင်ကြေးငွေ ၅၆၀ဝဝ ကျပ်နှင့်အတူ ဖဲလောင်းကစားပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်ဖဲလောင်းစားပြုလုပ်နေသူ ဒေါ်ဝင်းခိုင်ပါ ၄ ဦးအား ထီးချိုင့်မြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


