ထီးချိုင့် ၂၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော်သွား ကားလမ်း၊ ဝဲကြီးကျေးရွာလမ်းခွဲအနီးတွင် အမျိုးသားတစ်ဦးဆိုင်ကယ် တိမ်းမှောက်သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ ကမ်းနီး နယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်မြတ်ဇွဲမာန်ကို ဦးစီးသောအဖွဲ့သည် လူတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သဖြင့် သေဆုံးနေကြောင်းသတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများ နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာထီးချိုင့်မြို့နယ်၊မန္တလေး-ဗန်းမော်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၁)နှင့်(၈၂)ကြား၊ ဝဲကြီးကျေးရွာအနီးလမ်းခွဲနေရာတွင် ကျောင်းလမ်းကျေးရွာနေ သိန်းမြင့်စိုးဆိုသူသည် ဆိုင်ကယ်တိမ်းမှောက် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


