ထီးလင်း    ၁၇   စက်တင်ဘာ        


စက်တင်ဘာလ ၁၅ ရက် နံနက် ၃ နာရီခွဲခန့်က ထီးလင်းမြို့မ ရဲစခန်းမှ ရဲအုပ် သိန်းဌေး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးကိုကိုနိုင်တို့အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ အကြည်ဘန်းရွာဘက်မှ ကျားခဲရွာဘက်သို့ ဆိပ်ဖြူမြို့နယ် ကဇွန်းမကျေးရွာနေ လှမင်းဦး(၄၀)နှစ်၊ မောင်းနှင်လာသော 3B/ ---- NISSAN DIESEL အမျိုးအစား အစိမ်းရောင်(၁၀)ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အမျိုးသား (၁)ဦးမှာ ထွက်ပြေးသွားပြီး လှမင်းဦးနှင့်တစ်ရွာတည်းနေ သန့်ဇင်အောင် (၃၀) နှစ်တို့အား တွေ့ရှိရသည်။

 

1

 


ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်ခွဲသား ဆိုဒ်စုံ (၉၈)ချောင်း၊ (၈.၉၄၄၂)တန်အား စစ်ဆေးတွေ့ရှိရသည့်အပြင် ထွက်ပြေးသွားသူမှာ မောင်ညိုဖြစ်ကြောင်း သိရှိရ၍ လှမင်းဦးပါ (၃) ဦးတို့အား ထီးလင်းမြို့နယ် မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


မြို့နယ် ပြန်/ဆက်