ကြာအင်းဆိပ်ကြီး  ၂၃  ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ထိုင်းနိုင်ငံမှမိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် တိုင်းရင်းသားပြည်သူများအား ပြန်လည်ကြိုဆိုပြီးနေရပ်သို့ ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

 

အဆိုပါ နေရပ်ပြန်တိုင်းရင်းသား ပြည်သူများအား ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲအချိန်က ထိုင်းနိုင်ငံ စံခလပူရီစီရင်စု၊ ဘန်ဒုံယမ်းဒုက္ခသည်စခန်းနှင့် နို့ဖိုးဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသားနေရပ်ပြန်(၁၀၈)ဦးအား မြဝတီမြို့ ကျောက်လုံးကြီးကြိုဆိုရေးစခန်းတွင် လွဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး လိုအပ်သည့်စားသောက်ဖွယ်ရာ ရေသန့်ဘူးများပေးဝေခဲ့သည်။

 

20190223

 

၎င်းနေရပ်ပြန်တိုင်းရင်းသားပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်က ၎င်းတို့လိပ်စာပါအတိုင်း ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးကဦးဆောင်ကြီးကြပ်ကာ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန်ကြသော အိမ်ထောင်စုများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်မှ အိမ်ထောင်စု(၂)စု၊ ကျား(၅)ဦး မ(၆)ဦး ၊ ကျိုက်ဒုံမြို့မှ အိမ်ထောင်စု(၁၄)စု၊  ကျား(၂၇) မ(၁၉)ဦး ၊ဘုရားသုံးဆူမြို့မှ အိမ်ထောင်စု(၁၄)စု ၊ ကျား(၂၇)ဦး မ(၂၉)ဦး၊  စုစုပေါင်း အိမ်ထောင်စု(၂၆)စု ၊ လူဦးရေ(၁၀၈)ဦးတို့အား ၎င်းတို့နေထိုင်ရာသို့ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်

 

20190223_0