ထန်းတပင် အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌  ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက  မြို့နယ်သီရိမင်္ဂလာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင်   မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးသန်းထိုက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက  ပြည်ပပို့ကုန်  သီးနှံထုတ်ကုန်များတွင်  ဓာတ်ကြွင်းကင်းစင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  စိုက်ပျိုးရေးပညာရှင်များက သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေးနှင့်  ဘက်စုံသီးနှံကာကွယ်ရေးစနစ်များ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  မျိုးကောင်း မျိုးသန့်အသုံးပြုရေး၊ သဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများ   ထည့်သွင်းအသုံးပြုရေး၊ ဓာတ်မြေသြဇာ စနစ်တကျ အချိုးညီအချိန်ကိုက် သုံးစွဲရေးတို့ကို ဆွေးနွေးကြကြောင်း  သိရ သည်။

မြို့နယ်(ပြန်/ဆက်)