တာချီလိတ်  အောက်တိုဘာ  ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့     မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည်။

 

ဦးစွာ တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်တို့က မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မကျန်ရှိစေရေး၊ မဲပေးပိုင်ခွင့်မရှိသူများ မပါရှိစေရေး၊ အသက် ၁၈ နှစ်အထက် မြေပြင် အတည်ပြုလူဦးရေစာရင်း ပြင်ဆင်၊ ဖြည့်စွတ်၊ ပယ်ဖျက်၊ အတည်ပြုခြင်း လုပ်ငန်းဖြင့် ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရေးများကို   ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။             

အေးအေးလတ်(ပြန်/ဆက်)