နေပြည်တော် ၇ နိုဝင်ဘာ

 

နိုဝင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီက မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်းတွင် လောဝူးအားရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးအနောက်ဘက် ရွှေလသာလမ်းသွယ်တွင် လောက်လင်းအား မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြား ၃၀၄ ပြား၊ အိုက်စ် ၅၀၀ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး လောက်လင်း ငှားရမ်းနေထိုင်သည့် ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း၊ နေအိမ်အမှတ်(ဝက/၉၆)၊ အခန်းအမှတ်(၂)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀၀  ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ ဘော်နှင်းကုန်းကျေးရွာအနီး အောင်ပန်း-ပင်လောင်း သွားကားလမ်းတွင် ကျော်သန့်ဇင်(ခ)ကံကောင်း မောင်းနှင်ပြီး လွင်မိုး(ခ)ကိုလွင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား