၁ နိုဝင်ဘာ
ဂျပန်ပင်လယ်ပြင်ရှိ တာကီရှီးမားကျွန်းများအနီး တောင်ကိုရီးယား ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့သည်။ထိုကျွန်းများကို တောင်ကိုရီးယားက ထိန်းချုပ်ထားသည်။ဂျပန်နိုင်ငံက ၎င်းကျွန်းများကို ရသင့်သည်ဟု ယူဆတောင်းဆိုထားသည်။
လူခုနစ်ဦးတင်ဆောင်လာသော ထိုမီးသတ်ဌာနပိုင်ရဟတ်ယာဉ်မှာ ယင်းကျွန်းများမှ ၂၀ဝ မီတာ မှ ၃၀ဝ မီတာ ခန့်အကွာ ပင်လယ်ပြင်အတွင်းသို့ ယမန်နေ့ညပိုင်းက ပျက်ကျခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ယွန်ဟပ်သတင်းအေဂျင်စီက ဆိုသည်။
တောင်ကိုရီးယားရေတပ်သင်္ဘောများက ၎င်းနေရာကို ရှာဖွေနေကြကြောင်း ဖော်ပြထားသည်။ ထိုဒေသတွင် ရရှိနိုင်သော သင်္ဘောများကို ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ကြရန် တောင်ကိုရီးယားဝန်ကြီးချုပ် လီနာ့ခ်ယွန် က အမိန့်ပေးခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


