အောက်တိုဘာ ၁
တောင်အာဖရိကသို့ပျံသန်းသော Qantas လေယာဉ်တစ်စီးသည် နည်းပညာချို့ယွင်းမှုကြောင့် ယမန်နေ့ညက ဆစ်ဒနီမြို့သို့ ပြန်လှည့်ခဲ့ရကြောင်း ထိုလေကြောင်းလိုင်းက ယနေ့တွင် ပြောကြားခဲ့သည်။
Qantas လေယာဉ်အမှတ် QF63 သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၄ မိနစ်က ဆစ်ဒနီလေဆိပ်မှ ဂျိုဟန်နက်စ်ဘတ်မြို့သို့ ထွက်ခွာခဲ့ရာ ဂြိုလ်တုဆက်သွယ်ရေး ချို့ယွင်းမှုကြောင့် ဆစ်ဒနီမြို့သို့ လေးနာရီခန့် ပြန်လှည့်ပျံသန်းခဲ့ရသည်။
Qantas ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခြား အရေးပေါ်ခေါ်ဆိုမှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ယနေ့တွင်ပြောကြားသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန်အတွက် အင်ဂျင်နီယာအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
ခရီးသည်အားလုံးကို နေရာထိုင်ခင်းပေးထားပြီး နေ့လည် ၁ နာရီတွင် ထွက်ခွာရန် စီစဉ်ထားသည့် အခြားလေယာဉ် တွင် ကြိုတင်စာရင်းပေးထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


