တောင်ကြီး   နိုဝင်ဘာ   ၁

 

ရှမ်းပြည်နယ် တောင်ကြီးမြို့၏ ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော် တတိယနေ့တွင် မြို့တွင်းစုပေါင်းဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ရိုးရာမီးပုံးပျံများ လွှတ်တင်ယှဉ်ပြိုင်ခြင်းတို့ကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

ထိုသို့ကျင်းပရာ အဆိုပါညအဝေရာကွင်းတွင် ညမီးကြီးယမ်းမီး (ခေါ်) ညလွှတ်မီးပုံးပျံ ခြောက်လုံးနှင့် စိန်နားပန်အလှ မီးပုံးပျံ ငါးလုံး၊ စုစုပေါင်း ၁၁ လုံးတို့ကို ယှဉ်ပြိုင်လွှတ်တင်ခဲ့ကြသည်။

 

ယင်းသို့ ရိုးရာမီးပုံးပျံ ယှဉ်ပြိုင်လွှတ်တင်ခြင်းကို ဖွင့်ပွဲည၌ ကိုးလုံး၊ ဒုတိယည၌ ၁၁ လုံး၊ တတိယည၌ ၁၁ လုံး၊ စိန်နားပန်နှင့် ညမီးကြီး စုစုပေါင်း ၃၁ လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း ၁၈၆ လုံး ယှဉ်ပြိုင်လွှတ်တင် ပြီးစီးခဲ့ပြီး နိုဝင်ဘာ ၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ပြည်နယ်(ပြန်/ဆက်)