တောင်ငူ    စက်တင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး ​ တောင်ငူခရိုင် အားကစားနှင့်  ကာယပညာကော်မတီဥက္ကဋ္ဌက ကြီးမှူး၍ ၂၀၂၅ ခုနှစ် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် ​အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၁၁ ရက်မှစတင်၍ အုပ်စုပွဲစဉ်များ၊  အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ပြီး  ယမန်နေ့တွင်  ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသည်။

ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာတွင်  တောင်ငူမြို့နယ်အသင်းက ထန်းတပင်မြို့နယ်အသင်းကို ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက်  အကောင်းဆုံးကစားသမားဆု၊   ရှေ့တန်း၊  အလယ်တန်း၊  နောက်တန်း၊  ဂိုးသမားအကောင်းဆုံးဆု၊ ဒုတိယဆုရရှိသော ထန်းတပင်မြို့နယ်အသင်းနှင့် ပထမဆု ရရှိသော တောင်ငူမြို့နယ်အသင်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် တောင်ငူခရိုင်  စီမံခန့်ခွဲရေးနှင့်    အုပ်ချုပ်ရေးကော်မတီ    ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး  ဟန်မင်းဦးက    တောင်ငူခရိုင်   စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားကို  ပထမဆုရရှိသော   တောင်ငူမြို့နယ်အသင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။        

ဇော်ကိုကို(တောင်ငူ)