တောင်ငူ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၅)ရပ်ကွက် ဒေသန္တရ ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုးနှံတိုက်ကျွေး
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမီမီခင်နှင့် ဝန်ထမ်းများက ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးပြီး ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးများအား ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် ဝမ်းရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)


