တောင်သာ ဒီဇင်ဘာ ၉
တောင်သာမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါ(HPV) ကာကွယ် ဆေးထိုးနှံမှု လုပ်းငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးဝင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ကိုးနှစ်မှ ၁၂ နှစ်အောက် အခြေခံ ပညာကျောင်းသူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ်များကို ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအဝင် စုစုပေါင်း ၁၁၀ ခန့် တက်ရောက်ခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


