နေပြည်တော်  ၁၄  မတ်

နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစတင်၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ ပင်စင်စားတစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေးအမိန့်များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲအသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင် လစာများ ဆောလျင်စွာ ခံစားရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ကာကွယ်ရေးပင်စင်စားများအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ငွေစာရင်းရုံးများမှလည်းကောင်း၊ နိုင်ငံတော်စီးပွားရေး အဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများမှ အငြိမ်းစားများအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများမှလည်းကောင်း၊ မြို့ပြနှင့်နိုင်ငံရေး ပင်စင်စားများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှလည်းကောင်း တိုးမြှင့် ပင်စင်ငွေပေးမိန့်များထုတ်ပြန်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ပင်စင်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးသည့် ပင်စင်စားဦးရေ(ဦးစီး၊ နိုင်ငံရေး) (၄၀၅၉၇၉) ဦး အနက် မတ် ၁၃ ရက်အထိ မြို့ပြပင်စင်စားဦးရေ (၃၁၇၈၁၀) ဦး၊ နိုင်ငံ ရေးပင်စင်စားဦးရေ (၄၉၉၆၈) ဦး၊ စုစုပေါင်း ပင်စင်စားဦးရေ(ဦးစီး၊ နိုင်ငံရေး) (၃၆၇၇၇၈) ဦး၏ငွေပေးမိန့်များအား ထုတ်ပြန်၍ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးသို့ ပေးပို့ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ပင်စင်စားဦးရေ (ဦးစီး၊ နိုင်ငံရေး) ၏ ၉၀ ဒသမ ၅၉ ရာခိုင်နှုန်းအတွက် တိုးမြှင့်ပင်စင် ငွေပေးမိန့် ထုတ်ပြန်ဆောင်ရွက်ပြီးစီး ပြီးငွေပေးမိန့် ထုတ်ပြန်ရန် ၉ ဒသမ၄၁ ရာခိုင်နှုန်း သာကျန်ရှိသည်။ အဆိုပါကျန်ရှိသည့် ပင်စင်စားများအတွက် ငွေပေးမိန့်များဆက်လက်ထုတ်ပြန်နိုင်ရေးကြိုပမ်း ဆောင်ရွက်လျက်ရှိသည်။

ပင်စင်ဦးစီးဌာနမှ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ပေးပို့ထားသည့်တိုးမြှင့်ငွေ ပေးမိန့်များအနက် မတ်၈ ရက်အထိ မြို့ပြပင်စင်စား(၁၃၅၁၀ဝ) ဦး၊ နိုင်ငံရေးပင်စင်စား (၂၄၁၄၉) ဦး၊ စုစုပေါင်းပင်စင်စား (၁၅၉၂၄၉)ဦးသာပင်စင်လစာငွေများ ထုတ်ယူခဲ့ပြီး ထုတ်ယူရန် ကျန်ရှိနေသည့် ပင်စင်စားဦးရေမှာ (၂၀၈၃၀၁) ဦးဖြစ်သည်။

သို့ဖြစ်ပါ၍ မိဘပြည်သူပင်စင်စားများအနေဖြင့်မိမိတို့၏ တို့မြှင့်ပင်စင်လစာများအား သက်ဆိုင်ရာမြန်မာစီးပွားရေးဘဏ်ခွဲများသို့ သွားရောက်ဆက်သွယ် ထုတ်ယူကြပါရန်နှင့် တိုးမြှင့်ပင်စင် ငွေပေးမိန့်စာရင်းများအားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Websiteဖြစ်သည့် https://www.mopf.gov.mm.com မှ ပင်စင်ဦးစီးဌာန၏ သတင်း(သို့မဟုတ်)Home Page ၏ ဘဏ္ဍာရေးကဏ္ဍသို့ဝင်ရောက်၍ပင်စင်ဦးစီးဌာန၏ Update သတင်းတွင်လည်းကောင်း၊ ပင်စင်ဦးစီးဌာန၏ Pension Department Facebook  Page တွင်လည်းကောင်းဝင်ရောက်ကြည့်ရှုနိုင်သည်။

တိုးမြှင့်ပင်စင် ငွေပေးမိန့်စာရင်းများတွင် ပါဝင်ခြင်းမရှိသေးသော မိဘပြည်သူ ပင်စင်စားများအနေဖြင့် ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၏ Hot Line -တယ်လီဖုန်းအမှတ်၊ ဝ၆၇-၃၄၁၀၃၇၃၊ မိုဘိုင်းလ်ဖုန်းအမှတ်၊ ဝ၉-၄၄၂၁၄၅၉၁၃၊Fax - ဝ၆၇-၃၄၁၀၄၁၉၊ email-managepension@gmail.comသို့လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပင်စင်ဦးစီးဌာနရုံးများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးဖုန်း ဝ၁-၃၇၄၇၆၅၊ဝ၁-၃၇၆၆၄၀၊ ဝ၁-၃၇၆၆၈၅၊ ဧရာဝတီတိုင်း ဒေသကြီး ရုံးဖုန်း ဝ၄၂-၂၅၅၅၃၊ ပဲခူးတိုင်းဒေသကြီး ရုံးဖုန်း ဝ၅၂-၂၂၂၁၂၁၆၊ ပဲခူးတိုင်းဒေသကြီးရုံးခွဲ(ပြည်မြို့) ရုံးဖုန်း ဝ၅၃-၂၆၄၇၆၊   မွန်ပြည်နယ် ရုံးဖုန်း ဝ၅၇-၂၇၁၅၀၊  ကရင်ပြည်နယ် ရုံးဖုန်း ဝ၅၈-၂၂၅၂၂၊ တနင်္သာရီတိုင်း ဒေသကြီး ရုံးဖုန်း ဝ၅၉-၂၀၂၃၄၉၃၊ ရခိုင်ပြည်နယ် ရုံးဖုန်း ဝ၄၃-၂၄၃၁၅၊ မန္တလေးတိုင်းဒေသကြီး  ရုံးဖုန်း ဝ၂-၂၈၄၈၄၁၀၊ စစ်ကိုင်းတိုင်းဒေသကြီး ရုံးဖုန်း ဝ၇၁-၂၃၄၉၅၊  ဝ၇၁-၂၃၆၁၆၊ မကွေးတိုင်း ဒေသကြီး ရုံးဖုန်း ဝ၆၃-၂၀၂၅၅၈၁၊  ရှမ်းပြည်နယ်(တောင်ကြီးမြို့) ဝ၈၁-၂၁၂၅၀၁၉၊ ရှမ်းပြည် နယ်ရုံးခွဲ(လားရှိုးမြို့) ရုံးဖုန်း ဝ၈၂-၂၉၃၀၉၄၁၊ ရှမ်းပြည်နယ်ရုံးခွဲ(ကျိုင်းတုံမြို့) ရုံးဖုန်း ဝ၈၄-၂၃၀၂၅၊  ကချင်ပြည်နယ် ရုံးဖုန်း ဝ၇၄-၂၂၁၆၄၊ ကယားပြည်နယ် ရုံးဖုန်း ဝ၈၃-၂၂၅၃၇၊ ချင်းပြည်နယ် ရုံးဖုန်း ဝ၇၀-၂၁၆၂၈ တို့အား ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)