မကွေး  ၁၀  မတ်   

  
၂၀၁၅ ခုနှစ် ကိုမန်မုန်တိုင်း တိုက်ခတ်စဉ်က ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ် ခံစားကြုံတွေ့ခဲ့ရသည့် ကျေးရွာများအား ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အရေးပေါ် တုန့်ပြန်မှုဆိုင်ရာ နည်းလမ်း(Intermediate Res ponse Mechanism - IRM) အစီအစဉ်ဖြင့် ဝယ်ယူပံ့ပိုးမည့် ရေစုပ်စက်(အင်ဂျင်+ပန့်)နှင့် ဆက်စပ်ပစ္စည်းများ လွဲပြောင်းပေးအပ်သည့် အခမ်းအနားကို မတ် ၉ ရက် မွန်းလွဲ ၂ နာရီက ပခုက္ကူခရိုင် အထွေထွေအုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

1


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကား ပြောကြားကာ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာနှင့် ရေစကြိုမြို့နယ်မှ ကျေးရွာ(၁၅)ရွာတို့မှ တာဝန်ရှိသူများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ရေစုပ်စက် (အင်ဂျင်+ပန့်)နှင့် ဆက်စပ်ပစ္စည်းများကို  လွှဲပြောင်းပေးအပ်ခဲ့သည်။


ယခုပံ့ပိုးပေးခဲ့သော မြို့နယ်အလိုက် ရေစုပ်စက်များကို ကျေးရွာများသို့ လွှဲပြောင်းပေးအပ်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများမှ စိစစ်ရွေးချယ် စာရင်းပြုစုပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းနိုင်ဇဦး(ငဖဲ)

 

1