၁၀ အောက်တိုဘာ
လာမည့် စနေနှင့် တနင်္ဂနွေနေ့များတွင် တိုကျိုဒေသကို တိုင်ဖွန်မုန်တိုင်း ဟာဂျီဘစ် ဝင်ရောက်နိုင်သဖြင့် အချို့ရထားပြေးဆွဲမှု လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားမည်ဟု အရှေ့ဂျပန်ရထားလမ်း ကုမ္ပဏီ က ဆိုသည်။
အဆိုပါ ရထားကုမ္ပဏီက ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ရထားပြေးဆွဲမှု ဆိုင်းငံ့ခြင်းနှင့် ပတ်သက်ပြီး သောကြာနေ့တွင် ကြေညာမည်ဟု ဆိုသည်။
ဂျပန်ဆက်သွယ်ရေး အဓိကအော်ပရေတာ လေးခုက ဆက်သွယ်ရေး ပြတ်တောက်မှု ဖြစ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်။
လျှပ်စစ်ဓါတ်အားပေး စက်များနှင့် ဖုန်းတာဝါတိုင်များ တပ်ဆင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ထိုကုမ္ပဏီများက ဆိုသည်။
မည်သည့် အခက်အခဲမျိုးကိုမဆို အမြန်ဖြေရှင်းနိုင်ရေးအတွက် ဝန်ထမ်းလုံလောက်မှု ရှိရန်လည်း ၎င်းတို့လုပ်ဆောင်နေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလက တိုက်ခိုက်ခဲ့သော တိုင်ဖွန်းမုန်တိုင်းကြောင့် တိုကျိုမြို့အနီး ချီဘားစီရင်စုတွင် လျှပ်စစ်မီးများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ကာ ပြည်သူ အများအပြားမှာ ၎င်းတို့၏ လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


