ကျိုတို ၁၈ အောက်တိုဘာ
တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်တိုက်ခတ်ခဲ့ရာ ဒေသရှိပြည်သူများမှာ ရေကြီးခြင်းဘေးမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါမုန်တိုင်းကြောင့် သေဆုံးသူဦးရေ မှာ ၇၇ ဦး အထိရှိလာပြီး ပျောက်ဆုံးနေသူ ကိုးဦးအား ကယ်ဆယ်ရေးသမားများက ရှာဖွေ လျက်ရှိကြောင်း ဆိုသည်။ တိုကျိုမြောက်ပိုင်းရှိ တိုချီဂီစီရင်စုမှ ပြည်သူများမှာ သန့်ရှင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေသည်။
စေတနာ့ဝန်ထမ်းများက သက်ကြီးရွယ်အို များ၏ နေအိမ်တွင် ဝင်ရောက်နေသော ရွှံ့နွံများကို ရှင်းလင်းဖယ်ရှားခဲ့သည်။ ဒေသခံ တစ်ဦးက မိမိတို့အနေဖြင့် လူငယ်များ၏ ပါဝင် ကူညီမှုအတွက် ဝမ်းမြောက်ကြောင်း ပြောဆို ခဲ့သည်။ တိုကျို၏တောင်ပိုင်း ဆာဂါမီဟာရာ မြို့တော်တွင် ရဲများက မြေပြိုမှုတွင် ပျောက်ဆုံး နေသော အသက် ၆ဝ အရွယ်ရှိ စုံတွဲတစ်တွဲကို ရှာဖွေနေသည်။ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် အိမ်ပေါင်း ၃၃၀၀ဝ ခန့် ရေကြီး နစ်မြုပ်ခဲ့သည်။ အိမ်ထောင်စုပေါင်းများစွာ ရေနှင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယင်းလုပ်ငန်းများ ပြန်လည်လည်ပတ်ရန် အချိန် မည်မျှကြာမည်ကို မခန့်မှန်းနိုင်သေး ကြောင်း သိရသည်။ ဂျပန်အရှေ့မြောက်ပိုင်းရှိ တိုဟိုကူဒေသမှာ ရေကြီးမှုဒဏ်ကို အဆိုး ရွားဆုံးခံခဲ့ရပြီး မြေဧက ဟက်တာပေါင်း ၁၈၀၀ဝခန့် ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။
ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂါနိုမြို့တွင် ချီကုမာမြစ်မှ ရေများဝင်ရောက်လာမှုကြောင့် ရေကာတာ၏ အစိတ်အပိုင်းတစ်ခု ပြိုကျပြီး နေအိမ်များ ရေနစ်မြုပ်ခဲ့သည်။ မြေယာဝန်ကြီး ဌာန၏ ပြောကြားချက်အရ အဆိုပါမြစ်၏ ကျဉ်းမြောင်းသော အစိတ်အပိုင်းများသို့ ရေများ လျင်မြန်စွာ ဝင်ရောက်လာခြင်းသည် ရေကာတာပြိုကျခြင်း၏ အကြောင်းအရင်း ဖြစ်ကြောင်း ဆိုသည်။
ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်-စိုးသူရ


