၆ စက်တင်ဘာ

ဂျပန်နိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့၏ ပစိဖိတ်ကမ်းရိုးတန်းဒေသသို့ အားကောင်းသော တိုင်ဖွန်းမုန်တိုင်းရောက်ရှိနိုင်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီ က ဆိုသည်။

 

အိုကီနာဝါ စီရင်စု မြောက်ဘက်တွင် လောလောဆယ်ဖြစ်ပေါ်နေကြောင်း ၎င်းအေဂျင်စီက ဆိုသည်။
ဂျပန်နိုင်ငံ အရှေ့ပိုင်း နှင့် အနောက်ပိုင်းတို့၏ ပစိဖိတ်ကမ်းရိုးတန်းဒေသများ နှင့် အိုကီနာဝါ တို့တွင် စနေနေ့အထိတိုင် မိုးပြင်းထန်စွာရွာသွန်း ပြီး မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်သည်ဟု မျှော်လင့်ရသည်။

 

လေပြင်းတိုက်ခတ်ခြင်း ၊ လှိုင်းကြီးခြင်း ၊ မြေပြိုခြင်း ၊ ရေကြီးခြင်း နှင့် မိုးသက်မုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားထားသည်။

 

မီနာမီတိုရီရှီမာ ကျွန်းအနီးမှ ဂျပန်နိုင်ငံ အရှေ့တောင်ဘက်သို့ အပူပိုင်းမုန်တိုင်း ဖာချီ  ဆက်လက်ဖြစ်ပေါ်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

 

အဆိုပါ မုန်တိုင်းသည် တနင်္ဂနွေနေ့မှ တနင်္လာနေ့ထိ ဂျပန်နိုင်ငံ အရှေ့ဘက် ပစိဖိတ်ကမ်းရိုးတန်းသို့ နီးကပ်လာဖွယ်ရှိသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို