၁၅ အောက်တိုဘာ

 

 

ဂျပန်နိုင်ငံမှာ စနေနေ့ညပိုင်းက တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖုန်းဟာဂီးဘီးစ် တိုက်ခတ်ပြီး သုံးရက်အကြာမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေပေမယ့် သေဆုံးသူ အနည်းဆုံး ၆၈ ဦး ရှိလာပြီလို့ ကယ်ဆယ်ရေး လုပ်သားတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

 

 

1

 

 

ကျိုတို သတင်းဌာနရဲ့ မှတ်တမ်းတင်ထားတဲ့ စာရင်းအရ ပျောက်ဆုံး ၁၅ ရှိကြောင်း သိရပါတယ်။

 

 

ဒေသ ၆၆ ခု အတွင်းရှိ မြစ် ၄၇ စင်းရဲ့ ကမ်းပါးတွေ ပြိုကျမှုကြောင်း ပြောပေမယ့် တချို့နေရာတွေမှာ ရေကြီးရေလျှံနေသဖြင့် မရောက်ရှိနိုင်သေးတဲ့အတွက် ပျက်စီးမှု အရေအတွက်ကို အတိအကျ မသိသေးကြောင်း  တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

ဆယ်စုနှစ်များ အတွင်းမှာ အင်အားပြင်းထန်တဲ့ တိုင်ဖုန်းတိုက်ခတ်မှုကြောင့် မြေပြိုမှု၊ လျှပ်စစ်နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေဟာ နိုင်ငံရဲ့နေရာ အနှံအပြားမှာ ဖြစ်ပေါ်နေပါတယ်။

 

 

ဂျပန်နိုင်ငံရဲ့ ခရိုင်ပေါင်း ၄၇ ခုမှာ ၁၉ ခု အတွင်းရှိ နေရာပေါင်း ၁၄၆ နေရာမှာ မြေပြိုတဲ့အတွက် အိမ်ခြေ ၁၀,၀၀၀ နီးပါး ရွံ့ရေ နစ်မြုပ်မှုခံခဲ့ကြောင်း အစိုးရက ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

 

 

အိမ်ခြေ ၅၂၀,၀၀၀ နီးပါး လျှပ်စစ်မီး မရရှိခဲ့ရာကနေ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ အိမ်ခြေ ၃၄,၀၀၀ သာရှိကြောင်း စက်မှုဝန်ကြီးက ဒီကနေ့ မနက် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားပါတယ်။

 

 

ခရိုင် ၁၃ ခု အတွင်းရှိ အိမ်ခြေ ၁၃၃,၀၀၀ မှာ သောက်သုံးရေ ပြတ်တောက်နေကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

 

ဖူကူရှီးမားနဲ့ နာဂါနိုခရိုင် အပါအဝင် ခရိုင် ၇ ခု အတွင်းရှိ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းပေါင်း ၂၀၀ ကျော်ဟာ ပိတ်ထားရကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- kyodonews