တိုကျို ၁၃ အောက်တိုဘာ
ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မော်တော်ကားအသစ်တစ်မျိုးကို တိုယိုတာကားကုမ္ပဏီက မိတ်ဆက်ပြသလိုက်သည်။ ယခုမိတ်ဆက်ပြသလိုက်သော တိုယိုတာထုတ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မော်တော်ကားသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကြောင်း သိရသည်။ တိုယိုတာသည် ယခုကားဖြင့် မော်တော်ကားဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်ရန် နောက်ဆုံးကြိုးစားမှုတစ်ခုကို လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။
တိုယိုတာသည် ၎င်း၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးဖြစ်သည့် မီရာအိအမျိုးအစားကားကို ၂၀၁၄ ခုနှစ်က ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။ အခုထုတ်လုပ်လိုက်သော မော်ဒယ်အသစ်တွင် လူငါးဦးခန့်စီးနိုင်အောင် ပြင်ဆင်ထားပြီး လက်ရှိဈေးကွက်ထဲတွင်ရှိသည့် မော်ဒယ်အမျိုးအစား၏ သွားနိုင်သည့်အကွာအဝေးထက် ပိုမိုသွားနိုင်အောင် လုပ်ဆောင်ထားကြောင်း သိရသည်။
သန့်စင်သောစွမ်းအင်နှင့်အတူ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း မီရာအိ၏ အင်ဂျင်နီယာချုပ် ယိုရှီခါဇုတာနာခါက ပြောသည်။ ယခုအသစ်ထုတ်လုပ်လိုက်သည့် ကားကို ယခုလ နှောင်းပိုင်းမှစတင်ကာ တိုယိုတာမော်တော်ကားပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


