၁၉ နိုဝင်ဘာ
ဟောင်ကောင်မြို့လယ်ကောင်ရှိ ဟောင်ကောင်ပိုလီတက်ကနစ်တက္ကသိုလ် (PolyU) ကျောင်းဝန်းကို သိမ်းယူပြီး ဆန္ဒပြနေတာ သုံးရက်ရှိပြီဖြစ်ပြီး ဒီကနေ့ (အင်္ဂါနေ့) မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အညံ့ခံဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်လူထုကို ပြောကြားရာတွင် တက္ကသိုလ်ဝင်း အတွင်းမှာ ကျောင်းသား ၁၀၀ လောက် ရှိနေသေးကြောင်း အဲဒီကျောင်းပုရဝုဏ်ကို ရဲတပ်ဖွဲ့တွေက ဝိုင်းထားပါတယ်လို့ ထည့်သွင်း ပြောကြားပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ဆန္ဒပြနေသူတွေဟာ အကြမ်းဖက် လုပ်ရပ်တွေကို ရပ်ဆိုင်းပြီး လက်နက်တွေ ချရမယ်။ အဲဒီနောက် ကျောင်းဝန်းထဲက ငြိမ်းချမ်းစွာ ထွက်လာပြီး ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုတွေကို လိုက်နာရမယ်လို့ ပြောကြားပါတယ်။
ပြီးခဲ့တဲ့ ပိက်ရက် အတွင်းမှာ ကျောင်းဝန်းကို ရာချီတဲ့ ကျောင်းသားတွေက သိမ်းပိုက်ပြီး ရဲတပ်ဖွဲ့ကို မီးလောင်းဗုံးများ၊ အုတ်ခဲများ၊ မြားများနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ဟောင်ကောင်ရဲ့ ခြောက်လကြာ ဆန္ဒပြပွဲရဲ့ အပြင်းထန်ဆုံး အခြေအနေ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ အတွင်းမှာ အသက် ၁၁ နှစ်မှာ ၈၃ နှစ်အရွယ်ရှိ လူပေါင်း ၄၅၀၀ နီးပါး ဖမ်းဆီးထားပြီးပြီ ဖြစ်ပေမယ့် ထောင်ချီတဲ့ လူထုကလည်း လမ်းမတွေပေါ်မှာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ ဟောင်ကောင် အခြေအနေကို ပေကျင်းကလည်း ဝင်ရောက်ထိန်းသိမ်းဖို့ အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ပါတယ်။
ပြည့်သူလွတ်မြောက်ရေး စစ်တပ်ရဲ့ တပ်သားတွေက ဟောင်ကောင်လမ်းပေါ်ရှိ အကျိုးအပဲ့တွေ ရှင်းလင်းနေတာကို ရုံးပတ်ရက်က တွေ့ခဲ့ရပါသေးတယ်။ တရုတ်စစ်တပ်က ဟောင်ကောင်မှာ တပ်စွဲထားတာကြာပြီ ဖြစ်ပါတယ်။
ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရဲ့ ဖွဲ့စည်းပုံမှာ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ဟောင်ကောင် အစိုးရရဲ့ မေတ္တာရပ်ခံချက်ဖြင့် တရုတ်နိုင်ငံက စစ်တပ်တွေ စေလွှတ်နိုင်ခြင်း၊ ဟောင်ကောင်ရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ စစ်မက်ဖြစ်ပွားနိုင်တဲ့ အခြေအနေ သို့မဟုတ် မငြိမ်မသက်ဖြစ်ခဲ့ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းပြီး တရုတ်ပြည်က အပြည့်အဝ တာဝန်ယူခွင့် ရှိကြောင်း ပါရှိပါတယ်။
MDN
ကိုးကား - AFP


