နေပြည်တော် ၁၅  မတ်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ သမိုင်းဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၇ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၃၅၆ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၃၆၃ ခုတွင် ဖြေဆိုသူပေါင်း ၁၂၄၈၂၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၂၄၈၂၇ ဦးအနက် တစ်နိုင်ငံ လုံး၌ ဆေးရုံဖြေဆိုသူ ၂၂ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ၄ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၃၅ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၇၇ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၉ ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)