တနိုင်း ၅  မေ

 

ကချင်ပြည်နယ်  မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဖုန်းနိုင်နှင့်အဖွဲ့သည် မေလ(၂)ရက်နေ့ ည(၁၀)နာရီခွဲ့ကျော်တွင် တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးတွင် TOYOTA HIACE အနက်ရောင်ယာဉ် တစ်စီးအား တွေ့ရှိစစ်ဆေးရာ မြစ်ကြီးနားမြို့နေထိုင်သူ ဇင်မင်းသူ၊ လမင်းကိုကိုနှင့် ဦးလွင် တို့သုံးဦးအား ဒေသန္တရအမိန့်လိုက်နာခြင်းမရှိဘဲ ဖီဆန်၍ ပြင်ပသို့သတ်မှတ်ချိန်ကျော်လွန်၍ ထွက်လာခဲ့ကြောင်းသိရသည်။

 

ထို့နောက်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် ည(၁၀)နာရီမှ (၄)နာရီအထိ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းနှင့် စုဝေးခြင်းများမပြုလုပ်ရန် ထုတ်ပြန်ထားသော ဒေသန္တရအမိန့် တားမြစ်အမိန့်အား လိုက်နာမှုမရှိသည့် ဇင်မင်းသူနှင့် ဦးလွင်အား အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ကျခံစေရန်နှင့် လမင်းကိုကို(ကလေးသူငယ်)အား ငွေဒဏ်(၅၀၀၀၀)ကျပ်ပေးဆောင်ရန် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

တနိုင်း(ပြန်/ဆက်)