တနင်္သာရီ  နိုဝင်ဘာ ၅

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ တန်ဆောင်တိုင် ပွဲတော်တွင် စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ဆီမီးမျှောခြင်းနှင့် မီးပုံးပျံများလွှတ်တင်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ချောင်းကြီး ရပ်ကွက်တွင် စတင်ကျင်းပကြောင်း သိရသည်။

 

ထိုသို့ကျင်းပရာတွင် ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများအား ချောင်းကြီးရပ်ကွက် ရှင်မအောင်သာအနီး လမ်းဘေဝဲယာတွင် မုန့်မျိုးစုံဖြင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းကြရာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

 

တန်ဆောင်မုန်းလပြည့်‌နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် သာမညဖလ အခါတော်နေ့ ဖြစ်သည့်အ‌လျောက် တနင်္သာရီ မြစ်အတွင်းတွင် ဆီမီးခွက် ၅၀၀၀ ကို  ဆီမီးမျှော ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ တနင်္သာရီတံတားပေါ်မှ ခေတ္တစစ်ဗျူဟာမှူး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်ပြည်သူများက မီးပုံးပျံ ၂၀၀ ကို တစ်ပြိုင်တည်း လွှတ်တင်ခဲ့ကြသည်။

 

ထို့နောက် တန်ဆောင်တိုင်ဖျော်ဖြေပွဲတော်ကို ဆက်လက် ကျင်းပရာ တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာနေပြည်သူများက စည်ကားသိုက်မြိုက်စွာ   လာရောက်အားပေး ကြည့်ရှုကြကြောင်း သိရသည်။             

 

သီသီခိုင်(တနင်္သာရီ)