ထားဝယ် အောက်တိုဘာ ၂၇

 

တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က မြန်မာနိုင်ငံရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကျယ်ကျယ် ပြန့်ပြန့် ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ချမှတ်လိုက်သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို အခြေခံပြီး တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)