ထားဝယ် အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် အသိပညာ ပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို မျိုးဆက်သစ် ပညာရှင်များက နည်းပညာနှင့် အတွေ့အကြုံများကို ဆွေးနွေးပို့ချ မျှဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရှိန်နှင့် ပညာရှင် ဝန်ထမ်းများက ကိုကိုး၊ ကော်ဖီ၊ အုန်း၊ ကွမ်းသီး၊ စပါး၊ မတ်ပဲ၊ ဝဥ၊ ဒူးရင်း၊ အစေ့ထုတ်ပြောင်း၊ ရော်ဘာ၊ ဆီအုန်း၊ နှမ်း၊ သီဟိုဠ် ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့ နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည့် နည်းပညာများနှင့် အတွေ့အကြုံများကို ရှင်းလင်း ဆွေးနွေးပို့ချပြီး တောင်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


