တံတားဦး ဒီဇင်ဘာ ၉

 

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီက boc စက်သုံးဆီအရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်သည်။

 

လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲတွင် တံတားဦးမြို့ boc စက်သုံးဆီအရောင်းဆိုင်တာဝန်ခံ မန်နေဂျာ ဦးကျော်ဇေယျသင်းက သရုပ်ပြဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား ပညာပေးဟောပြောပြီး မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)