တွံတေး  ၆  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဈေးသစ်ရပ်ကွက်၊ ဈေးကုန်းလမ်းပေါ်တွင် အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီခွဲ ခန့်က ဓားထိုးမှုဖြင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ(၆)ရက် နံနက် (၈)နာရီခွဲ့ခန့်က ဈေးသစ်ရပ်ကွက် ၊ ဈေးကုန်းလမ်းပေါ်တွင် ခင်ကျော်လတ် (၃၅) နှစ် ကန်ချောင်လမ်း ၊ အိုးဘိုအနောက်ရပ်ကွက်နေသူနှင့် မခင်သီတာ (၄၄)နှစ် ၊ ဈေးကုန်း (၂ ) လမ်း၊ ဈေးသစ်ရပ်ကွက် တွံတေးမြို့ နေသူတို့ (၂ ) ဉီးသည် ဈေးရောင်းချသည့် ဆိုင်ခန်းကိစ္စနှင့် ပတ်သက်၍ ယခင်က စကားများ ရန်ဖြစ်ခဲ့ဖူးပြီး မခင်သီတာမှ ယခုရက်ပိုင်းအတွင်း ခင်ကျော်လတ်နှင့် မိသားစုဝင်များအား စောင်းမြောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ အခင်းဖြစ်ချိန်တွင်လည်း မခင်သီတာမှ ခင်ကျော်လတ်အား ဆဲဆိုသဖြင့် ခင်ကျော်လတ် မှ မခင်သီတာ ကို  ဓားမြှောင်ဖြင့် ထိုးခဲ့ရာ မခင်သီတာမှာ ရရှိသော ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့သဖြင့် တွံတေးမြို့မရဲစခန်းက ခင်ကျော်လတ်အား ဖမ်းဆီး၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မျိုးလှိုင် (တွံတေး)