တပ်ကုန်း   နိုဝင်ဘာ   ၁

 

ပြည်ထောင်စုနယ်မြေ   နေပြည်တော် တပ်ကုန်းမြို့နယ်၌  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးအောင်သူ ကြီးကြပ်၍ စီစဉ်ကျင်းပသည့်  ဒုတိယအကြိမ် မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းယဉ်ကြော့ ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ စတင်ယှဉ်ပြိုင်သည်။

 

အဆိုပါ နွားအလှနှင့် နွားလှည်းယဉ်ကြော့ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   လှည်းအစီးပေါင်း ၂၈ စီး ဝင်ရောက် ယှဉ်ပြိုင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒိုင်အဖြစ်ဆောင်ရွက်၍   ပြိုင်ပွဲကို  နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ  အုပ်စုလေးဖွဲ့ခွဲ ယှဉ်ပြိုင်၍ အုပ်စုပထမ၊   အုပ်စုဒုတိယတို့ကို  ဆက်လက်ယှဉ်ပြိုင်ပြီး ပထမဆု ငွေကျပ်သိန်း ၅၀၊ ဒုတိယ ဆု ငွေကျပ်သိန်း ၄၀၊ တတိယဆု ငွေကျပ်သိန်း ၃၀၊ အထူးဆု ငွေကျပ် ၁၀ သိန်းနှင့် ပြိုင်ပွဲဝင်နွားအလှနှင့် နွားလှည်းယဉ်ကြော့များကိုငွေကျပ် ငါးသိန်းစီ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်နွားအလှနှင့် နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

 

တင်စိုးလွင်