တရားမဝင် ကျွန်းပရိဘောဂပစ္စည်းများ၊ လက်ဝတ်ရတနာပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Stainless Steel Pipe (၂၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head မော်တော်ယာဉ် (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ မေ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျောက်ချောရွာ ရှောင်ကွင်းလမ်း (အောင်သိဒ္ဓိဆီဆိုင်) မောင်းတံဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်တွင် အဖြူရောင်ဆာလာအိတ်များ တွေ့ရှိရသဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျွန်းပါကေးပြား (၀ ဒသမ ၈၇၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀,၀၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Light Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်း
တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅
,၉၆၀,၀၈၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၁၅ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင်တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများအား တွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Solar Pannel 50 w (၁၀)ခု အပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၉၅,၃၁၀)ကို လည်းကောင်း၊ Computer Keyboard (၃)ခု အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၈၇,၅၅၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၈၂,၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မေ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Porcelain ကြွေပြား ကီလိုဂရမ်(၂၇၂၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၇,၀၁၉,၀၄၀)ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်အပြင် သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်း မရှိသည့် Ceramic ကြွေပြား(၃၁၉၅၅)ချပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၄၈၇,၁၇၆)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိသည့် ရက်(၆၁)ရက် ကျော်လွန် နေသည့် Warrior Motorcycle Chain & Sprocket Set ကီလိုဂရမ်(၂၃၀၄၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၂၈၂,၃၈)နှင့် ဘိလပ်မြေကုန်ကြမ်းပစ္စည်း ကီလိုဂရမ်(၁၀၈၀၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄,၀၂၀,၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီ လေဆိပ်သို့ ကြိုတင်ရောက်ရှိသည့် ရက်(၆၁)ရက် ကျော်လွန်နေသည့် ရွှေဟုယူဆရသည့် ရွှေရောင်ဆွဲကြိုး (၃၇၆)ခု အပါအဝင် လက်ဝတ်ရတနာ (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၅၃၂,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၈,၉၈၆,၄၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ မေ ၁၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၇၇၈,၂၂၉,၃၉၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)